မရှိမဖြစ်
ကိုယ့်အနားနား
မင်းရှိနေသောအခါ
ညဥ့်နက်နက် သန်းခေါင်ယံအခါမှာ
လမင်းနှင့်ကြယ်စင်တွေရဲ့အလင်းများ
ထွန်းညှိပေးဖို့ရန်……………မလိုအပ်တော့ပါ
ကိုယ့်အနားနား
မင်းရှိနေသောအခါ
ဧဒင်ဥယျာဉ်တစ်ခုလုံးဆီတွင်
အရောင်အသွေးတို့ဆန်းပြားသော
ပန်းမျိုးစုံတို့ပွင့်ပေးရန်…………မလိုအပ်တော့ပါ
ကိုယ့်အနားနား
မင်းရှိနေသောအခါ
အောက်ဆီဂျင်ဓါတ်ငွေ့တို့နှင့်ရပ်တည်
အသက်ရှင်ခွင့်တို့သည်လည်း………….မလိုအပ်တော့ပါ
ကိုယ့်အနားနား
မင်းရှိနေသောအခါ
လုံခြုံနွေးထွေးသော
သက်တော်စောင့်တပ်ဖွဲ့ထားရှိရန်………..မလိုအပ်တော့ပါ
ကိုယ့်အနားနား
မင်းရှိနေသောအခါ
ပြဿဒါး…ရက်ရာဇာနှင့်အချိန်ရွေးနည်းတို့ကို
ပြန်လည်တွေးကြည့်ရန်……………မလိုအပ်တော့ပါ
ကိုယ့်အနားနား
မင်းရှိနေသောအခါ
အလှတရားတို့နင်းဖြတ်လျောက်သွားသော
ပြီးပြည့်စုံသောကမ္ဘာတစ်ခုအဖြစ်သို့
မည်သည့်ဖန်ဆင်းရှင်၏အကူအညီမှ………..မလိုအပ်တော့ပါ
ချစ်တတ်သော…..မျက်ဝန်း
ချစ်တတ်သော…..နှူတ်ခမ်းတစ်စုံ
ချစ်ခြင်းတရားတို့နှင့်ထုဆစ်အပ်သော ” မိန်းကလေး “
ကိုယ့်အနားနား
မင်းမရှိခဲ့သော်
ဘဝအဓိပ္ပါယ်တို့သည်ပင်ချော်လဲကျသွားပေလိမ့်မည်
အိပ်မက်
အိပ်စက်ခြင်းရေ
မင်းပိုင်ဆိုင်တဲ့မိနစ်တစ်ချို့
ငါ့ကိုသုံးခွင့်ပေးပါ
ငါ…………ချစ်သူနဲ့တွေ့ချင်လို့
အချစ်ဦး( first love)
ဓါးသွားပေါ်ကပျားရည်စက်တဲ့……….တောက်
ဘယ်သူတွေက
ပျားရည်တွေအကုန်လျက်သွးပါလိမ့်
ငါ့အလှည့်ကျဓါးသွားမြှေ့မြှေ့ပဲကျန်တော့တယ်
